Skip to main content

Command Palette

Search for a command to run...

Create Your Amazon Web Services (AWS) Account

Create a new your root AWS account

Updated
2 min read
Create Your  Amazon Web Services (AWS) Account
P

My name is Pyae Phyo Aung. I'm working with System Engineer at BIM Group of Companies. I want to become a System and Cloud Engineer.

ကျွန်တော် ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ Amazon Web Service Accountတစ်ခု စတင်ပြုလုပ်ပုံအဆင့်ဆင့်လေး ဖြစ်ပါတယ်။

Select email, account name, and password

ပထမဆုံး AWSအကောင့်သစ်တစ်ခု ပြုလုပ်ရန် aws.amazon.com သိုသွား၍ Create an AWS Accountကို ရွေးချယ်ပေးရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အီးမေးလ်လိပ်စာနှင့် အကောင့်အမည်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Amazonအကောင့်သို့ ဝင်ရောက်ရန် အရေးကြီးသည့်အရာများဖြစ်တဲ့အတွက် အသုံးပြုလိုသော အီးမေးလ်ကို သေချာစဥ်းစားဖို့တော့လိုအပ်ပါတယ်။ ( ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက် အကောင့်သစ်တစ်ခုဖွင့်မည်ဆိုလျှင်၊ တစ်ချိန်ချိန်တွင် အလုပ်ပြောင်းနိုင်သောကြောင့် အလုပ်အီးမေးလ်လိပ်စာကို အသုံးပြုရန် အကြံမပြုလိုပါ။ )

အီးမေးလ်လိပ်စာနှင့် အကောင့်အမည်ကို သတ်မှတ်ထည့်သွင်းပြီးသည်နှင့် Verify email addressကို ရွေးချယ်ပေးရမှာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ အီးမေးလ်တွင် အတည်ပြုကုဒ်တစ်ခု ရရှိလာမှာဖြစ်ပြီး၊ ရရှိလာတဲ့ အတည်ပြုကုဒ်ကို ထည့်သွင်းပြီး Verifyပြုလုပ်ပေးရမှာ ဖြစ်တယ်။

ယခု Root user passwordသတ်မှတ်ရမည့် စာမျက်နှာသစ်သို့ ရောက်ရှိသွားပြီဆိုလျှင်၊ root user passwordကို သတ်မှတ်ပေးရမှာဖြစ်တယ်။ passwordကို ထည့်သွင်းပြီး အတည်ပြုပြီးသည်နှင့် Continue (step 1 of 5)ကို ဆက်လက်ရွေးချယ်ပီး နောက်တဆင့်ကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်။

Add contact information

ဒီအဆင့်မှာ ကျွန်တော်တို့အနေဖြင့် မည်သည့် Planအမျိုးအစားအသုံးပြုမည်ကို Business or Personal accountဟူ၍ ရွေးချယ်ပေးရမှာဖြစ်တယ်။ အခု Personal accountတစ်ခုအနေနဲ့ ရွေးချယ်သတ်မှတ်လိုက်မှာဖြစ်ပြီး၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းပေးရမှာဖြစ်တယ်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းပြီးလျှင်၊ Continue (step 2 of 5)ကို ရွေးချယ်ပြီး နောက်စာမျက်နှာကို ဆက်လက်သွားမှာဖြစ်တယ်။

Add a payment method

ငွေပေးချေမှုပြုလုပ်ရန်အတွက် credit or debit cardရဲ့ အသေးစိတ်အချက်အလက်များကို ထည့်သွင်းရမှာဖြစ်တယ်။ $1 USDကို ငွေလွှဲခအဖြစ် AWSဘက်က ယာယီသိမ်းဆည်းသွားမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ AWS accountသည် Free Tierအဆင့်ကန့်သတ်ချက်အောက်တွင် အသုံးပြုနေသ၍ ငွေကောက်ခံရမှ မဟုတ်ပါဘူး။

ထို့နောက် ဆက်လက်ဆောင်ရွက်ရန် Verify and Continue (step 3 of 5)ကို ရွေးချယ်ရပါမည်။

Confirm your identity

AWSအကောင့်ကို စတင်အသုံးမပြုမီ၊ ထည့်သွင်းထားသော ဖုန်းနံပါတ်ကို SMS သို့မဟုတ် အသံခေါ်ဆိုမှုတစ်ခုကို လက်ခံရယူပြီး အတည်ပြုရမှဖြစ်တယ်။

စာသားမက်ဆေ့ချ် (SMS)ပေးပို့ရန် ရွေးချယ်လိုက်လျှင် နောက်စာမျက်နှာတွင် ထည့်သွင်းရန် ဂဏန်းကုဒ်တစ်ခုကို ဖုန်းတွင်ရရှိလာမှာဖြစ်ပြီး၊ အသံဖြင့်ခေါ်ဆိုရန် ရွေးချယ်မှုပြုလုပ်လျှင် အလိုအလျှောက်အသံဖြင့်အတည်ပြုပြီး အတည်ပြုကုဒ်တစ်ခုကို screenပေါ်တွက် ပြသပေးမှာဖြစ်ပါတယ်။

အတည်ပြုရွေးချယ်မှုအတွက် ဖုန်းတွင်ရရှိလာသော ကုဒ်ကိုထည့်ရမှာဖြစ်ပြီး၊ နောက်ဆုံးအဆင့်သို့ ဆက်လက်သွားရန် Continueကိုနှိပ်ပါ။

Select a support plan

နောက်ဆုံးအဆင့်တွင်၊ ကျွန်တော်တို့ အသုံးပြုရန် ရွေးချယ်ရမယ့် အမျိုးအစား ၃ခုရှိပါတယ်။ မူရင်းရွေးချယ်မှုကို Basic Support ဟုခေါ်ပြီး အခမဲ့ဖြစ်သည်။ မည်သည့်အမျိုးအစားကို ရွေးချယ်ရမည် မသေချာလျှင် Basic Supportကို ရွေးချယ်ဖို့ အကြံပြုပါရစေ။ နောက်ပိုင်းတွင် ကျွန်တော်တို့ရဲ့ AWS support planများကို အမြဲပြောင်းလဲနိုင်သည်။

ထို့နောက် AWSအကောင့်သစ်တစ်ခုဖွင့်ခြင်းကို အပြီးသတ်ရန် Complete Sign upကို ရွေးချယ်ပေးရမှာဖြစ်တယ်။

Conclusion

AWSအကောင့်အသစ်တစ်ခုဖွင့်ခြင်း ပြီးမြောက်ပြီဆိုလျှင်၊ စတင်အသုံးပြုရန် မိနစ်အနည်းငယ်စောင့်ဆိုင်းရမှာဖြစ်ပြီး၊ activationပြီးသွားသောအခါ၊ အီးမေးလ်တစ်စောင် လက်ခံရရှိလာမှာဖြစ်ပါတယ်။ ကျတော်တို့ရဲ့ root user emailaddressနှင့် passwordကို ထည့်သွင်းအသုံးပြုပြီး AWS Management Consoleသို့ လော့ဂ်အင်ဝင်ရမှာဖြစ်တယ်။

စာအရေးအသားတွင် လိုအပ်ချက်များ နားမလည်တာများရှိပါက အကြံပြုထောက်ပြပေးနိုင်ပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။

Pyae Phyo Aung

Please Follow, Like, Comment and Share

#CloudComputing #AWS

134 views

More from this blog

PyaePhyoAung

3 posts

နည်းပညာနဲ့ ပတ်သက်ပြီး သိနားလည်သလောက် မျှဝေပေးမယ့် Blogလေး ဖြစ်ပါတယ်၊ လိုအပ်ချက်များရှိခဲ့ပါက အပြစ်မမြင်ပဲ ဝေဖန်ထောက်ပြ အကြံပေးနိုင်ပါတယ်