Secure Your AWS Account with Multi-Factor Authentication
Secure the root user

My name is Pyae Phyo Aung. I'm working with System Engineer at BIM Group of Companies. I want to become a System and Cloud Engineer.
ကျွန်တော် ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ ငွေပေးချေမှုများ၊ အကောင့်ပိတ်ခြင်းများအပါအဝင် လုပ်ငန်းဆောင်တာ အားလုံးကို လုပ်ဆောင်နိုင်တဲ့ AWS root user accountတစ်ခုကို လုံခြုံမှုရှိစေရန် Multi-Factor Authentication (MFA) ပြုလုပ်ပေးပုံအဆင့်ဆင့်ဖြစ်ပါတယ်။
ပထမအနေနဲ့ ကျွန်တော်တို့ရဲ့ အကောင့်အမည်(Account information)ကနေ Security Credentialsကို ဝင်ရောက်ရမှာဖြစ်ပြီး၊ root userနဲ့ loginလုပ်ထားလျှင် My security credentials (root user)ဆိုပီး တွေ့ရမှာဖြစ်ပါတယ်။

ထို့နောက် Assign MFAကို ဝင်ရောက်ပီးတဲ့အခါ Authenticator app, Security key and Hardware TOTP tokenဟူ၍၊ ကျွန်တော်တို့အသုံးပြုနိုင်တဲ့ MFAအမျိုးအစားများကို တွေ့ရမှာဖြစ်ပါတယ်။

ယခု Virtualဖြစ်သော Authenticator appကို သုံးပြီး app setupသို့သွားပါမယ်။ ကျွန်တော်တို့ရဲ့ Android နှင့် iOSအတွက် တွဲဖက်အသုံးပြုနိုင်သော အက်ပ်များစာရင်းကို ဒီနေရာမှာ ကြည့်ရှုနိုင်ပြီး၊ ကျွန်တော်ကတော့ Twilio Authy Authenticatorကို အသုံးပြုပါမယ်။
ကျွန်တော်တို့ ဖုန်းတွင် Twilio Authy Authenticatorကိုဖွင့်ပီး၊ Show QR Codeကိုနှိပ်၍ scanဖတ်လိုက်သည်နှင့် ၎င်းတွင် အကောင့်ကို ပေါင်းထည့်ကာ နာမည်စတင်သတ်မှတ်မှာဖြစ်တယ်။ ထို့နောက် MFA codeများ ရရှိလာတဲ့အခါ၊ two consecutive codesကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ကုဒ်များက အချိန်နဲ့အမျှ ပြောင်းလဲနေမှာဖြစ်တယ်။

ကျွန်တော်တို့အနေဖြင့် MFA devices ရှစ်ခုအထိ စာရင်းသွင်းနိုင်ပြီး၊ လက်ရှိ ကျွန်တော်ထည့်သွင်းထားသော device name (MyPhone)ကို Multi-factor authentication MFA 1ဟု ဖော်ပြနေပါတယ်။
AWSအကောင့်မှ ထွက်ပြီး ပြန်လည်ဝင်ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ root userနဲ့ passwordကိုပဲ အသုံးပြုရမှာဖြစ်ပြီး MFAကုဒ်ကိုပါ ထည့်သွင်းပေးရမှာ ဖြစ်တယ်။

စာအရေးအသားတွင် လိုအပ်ချက်များ နားမလည်တာများရှိပါက အကြံပြုထောက်ပြပေးနိုင်ပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။
Pyae Phyo Aung
Please Follow, Like, Comment and Share
#CloudComputing #AWS

